Pages

Wednesday, May 25, 2011

သောက်သုံးရေရှားပါးမှုကို ကြိုတင်ကာကွယ်ရေး စီစဉ်နေ

မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့လေ့ရှိသည့် ခြောက်သွေ့ရာသီအတွင်း သောက်သုံးရေ ရှားပါးခြင်းကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျေးရွာရေရရှိရေး အစီအစဉ် ၂၀၀၉ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျှက်ရှိပါသည်။
ယခု ၂၀၁၁ ခုနှစ်အတွက် ကျေးရွာ ရေရှိရေးအတွက် ရွာပေါင်း (၁၀၀) ကျော်အား ဆောင်ရွက်ပေးရန် စီစဉ်လျှက်ရှိရာ ကနဦးအနေဖြင့် စင်္ကာပူ အစိုးရ၏ ထောက်ပံ့မှုဖြင့် ကျေးရွာပေါင်း (၆၀) တွင် ကျေးလက်ရေရှိရေး လုပ်ငန်းကို စတင်ဆောင်ရွက်လျှက်ရှိသည်။ ဤအစီ အစဉ်၏ ပထမဆုံးအနေဖြင့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ တယ်ပင်ဆိပ် ကျေးရွာအုပ်စု၊ ၀ါဝါ၀င်းကျေးရွာတွင် ၆-၄-၂၀၁၁ နေ့မှစတင်၍ ဆောင်ရွက်လျှက်ရှိပါသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ရွာများကို ဆန်းစစ်ရွေးချယ်ရာတွင် ရွာသူ/သားများ၏ ပူးပေါင်း ပါဝင်မှုဖြင့် လေ့လာဆန်းစစ်ခြင်း (PRA) ကို ပြုလုပ်၍ ရွေးချယ်ပေးလျှက်ရှိပါသည်။ အ၀ီစိစက်ရေတွင်းကို မူလတန်း စာသင်ကျောင်းဝင်း အတွင်းရှိမြေနေရာတွင် တူးဖော်မည်ဖြစ်ပါ သည်။ ယခုကဲ့သို့ ဆောင်ရွက်သည့်ကျေးရွာတွင် ရွာသား (၄၇)ဦးမှ ပူးပေါင်းဆောင်ရွက်ပြီး ရွာသားတစ်ဦးဖြစ်သော ဦးကျော်နိုင်က ဦးဆောင်၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စက်ရေတွင်း၏ အနက်ကို ပေ(၈၀၀) ခန့်အထိ တူးဖော်ရန် ခန့်မှန်းထားပြီး ရေတွင်း တူးခြင်း အောင်မြင်ပါက ရေဂါလံ (၁၆၀၀) ဆန့် အုတ်ရေလှောင်ကန်၊ အင်ဂျင်စက်၊ လေမှုတ်စက် နှင့် ရေပိုက်ပစ္စည်း တို့ကိုပါ တပ်ဆင်ပေးမည် ဖြစ်ပါသည်။
ထိုစက်ရေတွင်းကို ဆက်လက်ထိန်းသိမ်းရန် ရပ်ရွာအခြေပြု ရေအရင်းအမြစ် စီမံခန့်ခွဲရေးကို ဆောင်ရွက်သွားနိုင်မည့် ကျေးရွာအဖွဲ့၏ အရည်အချင်း မြင့်မားလာစေရန် ရည်ရွယ်၍ လိုအပ်သော သင်တန်းများပို့ချခြင်းနှင့် ရပ်ရွာလူထု၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ရေသုံးစွဲမှုတို့ နှင့် ပတ်သက်သည့် အသိပညာများ မြင့်မားလာစေရန် ဆွေးနွေးဟောပြောခြင်း တို့ကိုလည်း မင်္ဂလာမြန်မာက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
မင်္ဂလာမြန်မာ

Sunday, May 22, 2011

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ယာယီအဆောက်အဦများ ဆောက်လုပ်ပေးခဲ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်း၊ ဒေါ်သူဇာဝင်းနှင့် ဦးသန့်ဇော်တို့က ဦးဆောင်၍ ယာယီအဆောက်အဦများကို ဧပြီလ (၇) ရက်နေ့မှ စတင်ဆောက်လုပ်ပေးခဲ့ပါသည်။
မင်္ဂလာမြန်မာသည် တာလေမြို့နယ်အတွင်းရှိ ဒေသခံ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ မိုင်းလင်းအရှေ့နှင့် မိုင်လင်းအနောက် ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း (၂၂) ရွာတွင် ယာယီ အဆောက်အဦ (၃၅၇) လုံးအား သွပ်မိုး၊ ၀ါး၊ ဓနိ၊ သစ်တို့ဖြင့် တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါသည်။
အထက်ပါ အစီအစဉ်များကို American Jewish Joint Distribution Committee (JDC) အဖွဲ့နှင့် အစားအသောက်နှင့် ရေသန့်ရရှိရေးကို ကြွယ်ဇေယျ ဖော့ပုံးစက်ရုံတို့မှ ပံ့ပိုးကူညီ၍ မင်္ဂလာမြန်မာက အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။




Monday, May 16, 2011

လက်ရှိကြုံတွေ့နေရသည့် ဘေးအန္တရာယ် (Disaster) များ၏ ဆိုးကျိုးများကို လျော့ပါးစေရန် ရပ်ရွာအခြေပြု ဒီရေတော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်လျှက်ရှိ

မြန်မာနိုင်ငံတွင် ကြုံတွေ့လျှက်ရှိနေသည့် ဘေးအန္တရာယ်များအနက် ဆိုင်ကလုန်းမုန်တိုင်း (cyclone)၊ ငလျင် (Earthquake) နှင့် ဆူနာမီ ( Tsunami) အန္တရာယ်တို့သည် ပျက်စီးမှုအများဆုံးနှင့် ဖြစ်ပွားနှုန်း အများဆုံးသော အန္တရာယ်များ ဖြစ်ကြပါသည်။ ၎င်းအန္တရာယ်များ ကျရောက်ပါက မုန်တိုင်း ဒီရေတက်ခြင်း (Storm Surge) နှင့် ဆူနာမီလှိုင်း (Tsunami Wave) ကဲ့သို့သော အန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး ၎င်းအန္တရာယ်များမှ အဓိက ကာကွယ်ပေးနိုင်သည့် အရာများမှာ ဒီရေတော (Mangrove) ပင်များပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ကာကွယ်ပေးနိုင်ရုံမျှမက ၎င်းအပင်များ ပေါက်ရောက်သည့် နေရာဒေသ တ၀ိုက်တွင် ရေစီးရေလာ ကောင်းမွန်စေခြင်း၊ ကမ်းပါးပြိုခြင်းကို ကာကွယ်နိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် သားငါးများ ပေါများစေခြင်း တို့ကိုပါ အကျိုးသက်ရောက် စေနိုင်ပါသည်။
မင်္ဂလာမြန်မာ (Mingalar Myanmar) သည် အထက်ပါ ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး (Environment) အတွက် ရည်ရွယ်၍ ရပ်ရွာအခြေပြု ဒီရေတော ပြန်လည်ထူထောင်ရေး စီမံကိန်း (Community Based Mangrove Rehabilitation Program) ကို လုပ်ဆောင်လျှက်ရှိရာ ရပ်ရွာအခြေပြု ဒီရေတော ပြန်လည်ထူထောင်ရေး သင်တန်းများပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး (Yangon Region) နှင့် ဧရာဝတီတိုင်းဒေသကြီး (Ayeyarwaddy Delta) အတွင်းရှိ ကျေးရွာပေါင်း (၈၇) ရွာ (87 villages) တွင် ဒီရေတောများ စိုက်ပျိုးခြင်းများကို ဧကပေါင်း (၅၀၀) ခန့် (500 acres) ပျိုးခင်းများ ထူထောင်စိုက်ပျိုးခြင်း (Nursery) နှင့် ဒီရေတောပင်များအား ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း (Rehabilitation) လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိပါသည်။
မင်္ဂလာမြန်မာသည် ကျေးရွာများတွင် ဒီရေတော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရှေးဦးစွာ ရပ်ရွာလူထုက ကိုယ်တိုင်ပူးပေါင်း ပါဝင်စေသည့် နည်းစနစ် (Participatory Rural Appraisal) ကို အသုံးပြုပြီး ရပ်ရွာအတွင်း အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း (Workshop)၊ ဒီရေတောမျိုးစေ့ စုဆောင်းခြင်း (Seeds Collection) နှင့် ပျိုးခင်းထူထောင်ခြင်း (Nursery) များကို မင်္ဂလာမြန်မာအဖွဲ့နှင့် ရပ်ရွာလူထု အတူတကွ လုပ်ဆောင်ခြင်း၊ ဒီရေတောပျိုးခင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ရပ်ရွာအခြေပြု အဖွဲ့အစည်း (CBOs) များဖြင့် ပူးပေါင်း၍ ဒီရေတော ပြန်လည်ထူထောင်မည့် စီမံချက်များ ရေးဆွဲထားရှိခြင်း (Action Plan) နှင့် ပျိုးပင်များ စိုက်ပျိုးရန် အတွက် သတ်မှတ် အချိန်ထိ ထားရှိပြီး ကျေးရွာများတွင် ဒီရေတော ပြန်လည်စိုက်ပျိုးခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။
၎င်းစီမံကိန်းတွင် အဓိက အကျိုးကျေးဇူးများအနေဖြင့် မိမိရပ်ရွာအတွက် မိမိတို့ကိုယ်တိုင် လုပ်ဆောင်ရမည်ဟူသော အသိရရှိလာအောင် ဆောင်ရွက်နိုင်ခြင်း၊ ရပ်ရွာလူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ဒီရေတော ပြန်လည်ထူထောင်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိလာခြင်း၊ အဓိကအားဖြင့် မုန်တိုင်း ဒီရေလှိုင်း၊ ဆူနာမီရေလှိုင်း အန္တရာယ်များမှ အကာကွယ်ပေးနိုင်ခြင်း၊ ဒီရေတောပင်များနှင့် ဆက်စပ်တည်ရှိနေသော ရေပြင်တစ်ဝိုက်တွင် ငါး၊ ပုစွန်ပေါကြွယ်ဝမှုကို အထောက်အကူ ပြုစေခြင်း၊ ကမ်းပါးပြိုခြင်းများကို ထိန်းသိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
၎င်းအပြင် ရာသီဥတု ပြောင်းလဲမှု (Climate Change) များ ဖြစ်ပေါ်လာခြင်းကြောင့် အပူအအေး မမျှတခြင်း၊ မုတ်သုံရာသီများ တိုတောင်းလာခြင်း စသည့် အကျိုးဆက်များ ဖြစ်ပေါ်လာခြင်းမှလည်း ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ ရပ်ရွာအခြေပြု ဒီရေတော ပြန်လည်ထူထောင်ရေး စီမံကိန်းကို ပြုလုပ်ခြင်းကြောင့် ရပ်ရွာသူ/သားများက မိမိတို့ ကိုယ်တိုင် သဘာဝ သယံဇာတများကို ကိုယ်တိုင် ဦးဆောင် စီမံခန့်ခွဲလုပ်ကိုင်နိုင်သည့် (Community Based Natural Resources Management) အလေ့အထကိုလည်း ဖြစ်ပေါ်စေရန် အားပေးလျှက်ရှိပါသည်။
မင်္ဂလာမြန်မာသည် အလားတူ ဒီရေတော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၂၀၀၈ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကာ The Embassy of USA ၊ ASEAN ၊ MERCY MALAYSIA နှင့် The Emabassy of Singapore အဖွဲ့တို့နှင့် ပူးပေါင်း၍လည်း ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဘိုကလေး၊ ဖျာပုံနှင့် ဒေးဒရဲမြို့များရှိ ကျေးရွာများမှ ရပ်ရွာလူထုများနှင့် အတူတကွ ပူးပေါင်းစိုက်ပျိုးသည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။





Sunday, May 15, 2011

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်နယ်တွင် ဘေးအန္တရယ်လျှော့ချရေး အသိပညာပေးဆွေးနွေး











ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် မင်္ဂလာမြန်မာအဖွဲ့မှ ဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ တစ်ခုအား ကျင်းပပြုလုပ်ခဲ့ပါသည်။

မင်္ဂလာမြန်မာသည် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ် သင့် ပြည်သူများ အသိပညာများ တိုးတက်လာစေရန် ရည်ရွယ်၍ တာလေမြို့နယ်တွင် ဆရာ/ဆရာမ များနှင့် သူနာပြုများအား ငလျင်ဘေးအန္တရာယ်၊ မြေပြိုခြင်းအန္တရာယ် နှင့် မိုးခေါင်ခြင်း အန္တရာယ်များအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆရာ/ဆရာမများ၊ သူနာပြုများသည် မင်္ဂလာမြန်မာ၏ သင်တန်းကို တက်ရောက်ပြီးပါက ရပ်ရွာလူထုများထံ ပြန်လည်ဆွေးနွေးပို့ချသွားမည်ဖြစ်၍ ရပ်ရွာလူထု၏ ဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာများ ပိုမိုးတိုးတက်လာစေမည် ဖြစ်ပါသည်။

Saturday, April 9, 2011

PRESS RELEASE (၇-၄-၂၀၁၁) ငလျင်ဘေးသင့် အိမ်ထောင်စုများကို မင်္ဂလာမြန်မာမှ ကူညီလျှက်ရှိ

မင်္ဂလာမြန်မာအဖွဲ့သည် ၂၄- ၃-၂၀၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးတွင် ခံစားခဲ့သည့် ပြည်သူများအတွက် ယာယီအိမ် (Temporary Shelter) များကို ငလျင်ဘေးသင့် အိမ်ထောင်စု (၄၀၀) ခန့် အတွက် ၇-၄-၂၀၁၁ ရက်နေ့မှစတင်၍ ကူညီဆောက်လုပ် တပ်ဆင်နေပြီ ဖြစ်ပါသည်။ ဤအစီအစဉ်ကို American Jewish Joint Distribution Committee (JDC) မှ အဓိက ထောက်ပံ့ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ မြန်မာNGO ဖြစ်သော မင်္ဂလာမြန်မာ နှင့် ကြွယ်ဇေယျ (KZY) ဖော့ပုံးစက်ရုံ တို့မှ ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးခြင်း ဖြစ်ပါသည်။

အခြားလိုအပ်မည့် အစားအသောက်(Food) နှင့် အသုံးအဆောင်ပစ္စည်းများ(Non Food Item) တို့ကိုလည်း လိုအပ်သည့် အိမ်ထောင်စုများသို့ ထောက်ပံ့လျှက် ရှိပါသည်။

အထက်ပါ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်ရှိ ဒေသခံ အဖွဲ့အစည်းများ နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကာ၊ ၄င်းတို့လိုအပ်သော အရည်အသွေးမြှင့်တင်ရေး (Capacity Building) အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရပ်ရွာလူထုများ ကိုယ်တိုင် ဦးဆောင်သောနည်း ဖြင့် ဘေးအန္တရာယ် လျှော့ချရေး (Disaster Risk Redution) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environment Conservation) လုပ်ငန်းများ ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အထက်ပါအစီအစဉ်များ ဆောင်ရွက်ရာတွင် အခြား ပါဝင်ဆောင်ရွက်သူများ နှင့် မထပ်စေရန် UNOCHA နှင့်လည်း ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ အခြားအဖွဲ့အစည်းများ အနေဖြင့် မိမိတို့ ဆောင်ရွက်နေသော ရွာများ၏ စားရင်းအား မင်္ဂလာမြန်မာသို့ ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဤအစီအစဉ်သို့ ပါဝင်လှူဒါန်းလိုသူများ၊ ပါဝင်ပူးပေါင်း ဆောင်ရွက်လိုသူများကလည်း မင်္ဂလာမြန်မာသို့ ဆက်သွယ်နိုင်ပါကြောင်း အကြောင်းကြား မေတ္တာရပ်ခံ အပ်ပါသည်။

မင်္ဂလာ မြန်မာ





Friday, July 9, 2010

Rakhine Emergency Relief & Recovery Program "RERRP"

HELP the survivor of landslides in BuTheeTaung, Rakhine!
18 June 2010


Ma Jeda, 25 years old girl from Chinthamapaletaung village. She lost her child during the landslides and suffering from broken thigh during the landslide on 15 June 2010. Her husband is working in Maungtaw. She has 5 children and their house was destroyed completely.

Friday, September 4, 2009

Myanmar NGOs & CBOs Networking and Learning Forum for Community Based Disaster Risk Management

Networking and Learning Forum for Community Based Disaster Risk Management was held at the Chatrium Hotels, Yangon on 29th June to 2nd July 2009. The Forum was organized by Mingalar Myanmar and the participants are Myanmar NGOs and Community Based Organizations.

At the Opening Ceremony, the Ambassador of Germany, Ambassador of the Republic of Singapore, Charg'e d' Affaires of the Embassy of the United States of America, Second Secretary from the Embassy of Australia and Country Director from UNDP attended.

Director of Mingalar Myanmar, Daw Yuza Maw Htoon addressed the occasion with an introduction account of Community Based Disaster Risk Management and the objectives of the Forum. The Ambassadors, Charg'e d' Affaires, Counselors and responsible persons from United Nations exchanged their views with Myanmar CBOs.

Mingalar Myanmar has been conducting Disaster Risk Management Training Programs from state and division level to village community level. Mingalar Myanmar continues such community training programs in the future.

Mingalar Myanmar